Win Myanmar Online မှ တဆင့် ပစ္စည်းများ မှာယူခြင်း၊ ဝယ်ယူခြင်းများနှင့် ပတ်သတ်သောစည်ကမ်းချက်များ၊ သတ်မှတ်ချက်များ

Win Myanmar Website မှ ဖြစ်စေ၊ Win Myanmar Website ကို အသုံးပြု၍ဖြစ်စေ ပစ္စည်းများဝယ်ယူသော၊ မှာယူသော လူကြီးမင်းများ (Customers) သည် အောက်ဖော်ပြပါ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်လျက် ပစ္စည်းများကိုဝယ်ယူခြင်း၊ မှာယူခြင်း ပြုလုပ်ကြရမည်ဖြစ်ပါသည်။

၁။WEBSITE အသုံးပြုခြင်းအတွက်လူကြီးမင်း(Customers) ဘက်မှလိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ

Win Myanmar Website ကို အသုံးပြုခြင်း (သို့မဟုတ်) အသုံးပြုရန် မှတ်ပုံတင်ခြင်းပြုလုပ်သည်နှင့်တပြိုင်နက် ပြုလုပ်သူ (သို့မဟုတ်) အသုံးပြုသူ လူကြီးမင်းသည် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း သဘောတူညီဝန်ခံပြီးဖြစ်သည်ဟု မှတ်ယူရမည်။

() Account ဖွင့်လှစ်ခြင်း

(က) ပစ္စည်းများကို Website မှတဆင့် မှာယူခြင်း၊ ဝယ်ယူခြင်းမပြုမီ Account တစ်ခုနှင့် မှတ်ပုံတင်၍ Log in ပြုလုပ်ရမည်။ မှတ်ပုံတင်ရန် ပေးအပ်ထားသော အချက်အလက်၊ အကြောင်းအရာများ၏ ပြည့်စုံမှု၊ တိကျမှု၊ မှန်ကန်မှု တို့ကို မှတ်ပုံတင်သူမှ အပြည့်အဝ တာဝန်ယူရမည်။

(ခ) Website တွင် ထိုသို့မှတ်ပုံတင်ရာ၌ လူကြီးမင်းနှစ်သက်သော password တစ်ခု ထားရှိပြီး ထို password ကို လူကြီးမင်းကသာလျှင် တာဝန်ယူ၍ လျှို့ဝှက်ထိန်းသိမ်းထားရှိရမည်။

(ဂ) လူကြီးမင်း၏ အဆိုပါ password ဖြင့် ပြုလုပ် ဆောင်ရွက်သော ပစ္စည်းမှာယူမှုအပါအဝင် ကိစ္စအဝဝသည် လူကြီးမင်း၏ တာဝန်သာဖြစ်စေရမည်။

(ဃ) လူကြီးမင်း၏ password ကို လူကြီးမင်း၏ ခွင့်ပြုချက်မရှိဘဲ အခြားသူ တစ်ဦးဦးက တနည်းနည်းဖြင့် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိရလျှင်ဖြစ်စေ၊ အသုံးပြုနေသည်ဟု ယုံကြည်ရန် အကြောင်းတစုံတရာ ရှိလျှင်ဖြစ်စေ၊ လူကြီးမင်း အနေဖြင့် Win Myanmar သို့ ချက်ချင်း တရားဝင် ဆက်သွယ် အကြောင်းကြားရမည်။

(င) ထို့နောက် လူကြီးမင်းနှစ်သက်သော အခြား password အသစ်တခုကို သတ်မှတ်ထားရှိပြီး၊ ထိုသို့ သတ်မှတ်ထားရှိပြီးဖြစ်ကြောင်းကိုလည်း Win Myanmar သို့ အချိန်နှင့် တပြေးညီ ဆက်သွယ်အကြောင်းကြားရမည်။

(စ) လူကြီးမင်းတစ်ဦးတည်းသာ သတ်မှတ်၊ သိရှိ၊ ထိန်းသိမ်းသော လူကြီးမင်း၏ password နှင့် ပတ်သတ်၍ဖြစ်လာသမျှသော ဥပဒေနှင့် မညီညွတ်မှုများ၊ ဥပဒေနှင့် ဆန့်ကျင်ငြိစွန်းမှုများနှင့် မသမာမှုမှန်သမျှသည် Win Myanmar နှင့် မည်သည့်နည်းနှင့်မျှ တစ်စုံတစ်ရာပတ်သက်ဆက်နွယ်မှု မရှိကြောင်း လူကြီးမင်းမှကောင်းစွာသိရှိသဘောပေါက် နားလည်ရမည်။

(ဆ) Win Myanmar ၏ Website တွင် မှတ်ပုံတင်ခြင်းဖြင့် Win Myanmar ထံမှ အရောင်းမြှင့်တင်ရေးဆိုင်ရာ အကြောင်းကြား၊ ဆက်သွယ်မှုများနှင့် newsletter များကို လူကြီးမင်းက လက်ခံသဘောတူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

() လူကြီးမင်း၏Account အားပယ်ဖျက်နိုင်ခွင့်နှင့်ဆိုင်းငံ့နိုင်ခွင့်

အောက်ပါအခြေအနေများတွင် Win Myanmar သည် မိမိတဦးတည်း၏ဆုံးဖြတ်ပိုင်ခွင့်ဖြင့် Website ပေါ်ရှိ လူကြီးမင်း၏ Account အား ပယ်ဖျက်နိုင်ခွင့် သို့မဟုတ် ဆိုင်းငံ့နိုင်ခွင့် ရှိသည်။

(က) Online မှတဆင့် ပစ္စည်းများမှာယူခြင်း၊ ဝယ်ယူခြင်းများနှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို လူကြီးမင်းဘက်မှ တစ်နည်းနည်းဖြင့် ဖေါက်ဖျက်ကျူးလွန်လျှင်ဖြစ်စေ၊ ဖေါက်ဖျက်ကျူးလွန်သည်ဟု ယုံကြည်ရန် အကြောင်းတစ်စုံတစ်ရာ တွေ့ရှိပေါ်ပေါက်လျှင်ဖြစ်စေ၊

(ခ) Website ကို မမှန်မကန်အသုံးပြုသည် (သို့မဟုတ်) မသမာမှုတစ်ခုခု ပြုလုပ်သည်ဟု ယုံကြည်ရန်အကြောင်း တစ်စုံတစ်ရာတွေ့ရှိ ပေါ်ပေါက်လျှင်ဖြစ်စေ၊ မမှန်မကန် အသုံးပြုမှု၊ မသမာမှုတစ်ခုခု ပြုလုပ်လျှင်ဖြစ်စေ၊

(ဂ) Website ကိုအသုံးပြုခြင်း၊ အသုံးပြုစဉ်၌ နိုင်ငံတော်မှ ပြဌာန်းထားသောတည်ဆဲ ဥပဒေတစ်ရပ်ရပ်ကို ဖြစ်စေ၊ အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာကိုဖြစ်စေ ဖေါက်ဖျက်ကျူးလွန်လျှင်ဖြစ်စေ၊ ဖေါက်ဖျက်ကျူးလွန်သည်ဟု ယုံကြည်ရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လျှင်ဖြစ်စေ၊

() Website မှတဆင့်ပစ္စည်းများမှာယူ၊ဝယ်ယူရရှိနိုင်မှု

(က) Win Myanmar သည် မိမိ၏ဝန်ဆောင်မှုများကို တတ်နိုင်သရွေ့ အကာင်းဆုံး ဖြစ်စေရန် ရည်ရွယ်သော်လည်း Website ပေါ်ရှိ ဝန်ဆောင်မှုများသည် လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမည်ဟု ကတိပြုခြင်း မရှိပါ။ ဝန်ဆောင်မှုများသည် အမှားအယွင်း ကင်းစင်မည်ဟု Win Myanmar က အာမခံခြင်း မရှိပါ။ ဝန်ဆောင်မှုများတွင် ချို့ယွင်းမှု လွဲချော်မှုများရှိခဲ့ပါက (သို့မဟုတ်) ပြဿနာတစ်စုံတစ်ခု ရှိခဲ့ပါက Customer Service Team သို့ သတင်းပေးပို့နိုင်ပြီး ချို့ယွင်းမှု၊ လွဲချော်မှု၊ ပြဿနာကို ပြင်ဆင်ရန် Win Myanmar မှကြိုးပမ်းသွားပါမည်။

(ခ) ဝန်ဆောင်မှုအသစ်များနှင့် မိတ်ဆက်ပေးရန် ဖြစ်စေ (သို့မဟုတ်) ပြင်ဆင်ထိန်းသိမ်းရန် ဖြစ်စေ Website နှင့် ချိတ်ဆက်မှုများကို တစ်ခါတစ်ရံ ဖြတ်တောက်ထားနိုင်ပါသည်။

() ပြင်ပအဖွဲ့အစည်းများနှင့်သက်ဆိုင်သောစည်းကမ်းချက်များ

Website တွင် ပြင်ပ အဖွဲ့အစည်းက ပြုလုပ်ထားသော လင့်ခ်များ (သို့မဟုတ်) သုံးစွဲသူများ၏မှတ်ချက်များ (Comment)၊ ကြော်ငြာများ၊ အခမဲ့ အသုံးပြုခွင့်ပေးခြင်းများ စသည့် ပြင်ပ အဖွဲ့အစည်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါရှိနိုင်ပါသည်။ အဆိုပါ ပြင်ပ အဖွဲ့အစည်းများနှင့် သက်ဆိုင်သော အကြောင်းအရာများအပေါ် Win Myanmar မှ တစ်စုံတစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်သကဲ့သို့ ယင်းအကြောင်းအရာများသည် တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီနိုင်သည်ဟုလည်း Win Myanmar မှ အာမခံခြင်း၊ တာဝန်ယူခြင်းပြုမည် မဟုတ်ပါ။

() မူပိုင်ခွင့်

(က) Win Myanmar Website တွင် ပါဝင်သော အကြောင်းအရာများသည် Win Myanmar ၏ မူပိုင်ခွင့် ပစ္စည်းဖြစ်ပြီး Win Myanmar ၏ တရားဝင် ခွင့်ပြုချက် မရှိဘဲ၊ မည်သည့် အကြောင်းကိစ္စအတွက်မဆို မိတ္တူ ကူးယူခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း၊ ထုတ်ဝေခြင်း၊ ဆင်တူရိုးမှားပြုလုပ်ခြင်း၊ ထင်ယောင်ထင်မှားပြုလုပ်ခြင်း၊ တနည်းနည်းဖြင့် အသုံးပြု၊ သုံးစွဲခြင်းကို မည်သူမျှ ပြုလုပ်ခြင်း မရှိစေရ။

(ခ) Win Myanmar ၏ တရားဝင် ခွင့်ပြုချက် မရှိဘဲ Win Myanmar ၏ ထုတ်လုပ်ရောင်းချသော ကုန်အမှတ်တံဆိပ် အမည်အမှတ်အသားကိုဖြစ်စေ (သို့မဟုတ်) Win Myanmar ၏ တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချသော ကုန်အမှတ်တံဆိပ် အမည် အမှတ်အသားကို ဖြစ်စေ (သို့မဟုတ်) Win Myanmar မှ တဆင့်ဖြန့်ဖြူးရောင်းချသော ကုန်အမှတ်တံဆိပ် အမည် အမှတ်အသားကို ဖြစ်စေ မည်သူကမျှ မည်သည့်နည်းနှင့်မျှ တုပခြင်း၊ ဆင်တူရိုးမှား ပုံတူပုံမှား ပြုလုပ်ခြင်း၊ အသုံးပြုသုံးစွဲခြင်း မပြုလုပ်ရပါ။

၂။ပစ္စည်းရောင်းချခြင်း၊ပို့ဆောင်ခြင်း၊ဝယ်ယူခြင်း၊ငွေပေးချေခြင်းဆိုင်ရာစည်းကမ်းချက်များ

Website မှ တစ်ဆင့်ပစ္စည်းမှာယူသည်နှင့် ပစ္စည်းမှာယူသူလူကြီးမင်းသည် မိမိမှာယူသောပစ္စည်းနှင့်ပတ်သက်၍ အောက်ပါစည်းကမ်းချက်များကို သိရှိသဘောတူလိုက်နာပြီးဖြစ်ကြောင်း သိရှိမှတ်ယူရမည်။

() သဘောတူညီချက်နှင့်ပယ်ဖျက်နိုင်ခွင့်

Win Myanmar သည် အောက်ပါအခြေအနေများတွင် လူကြီးမင်း၏ပစ္စည်းမှာယူမှုများကို မိမိတစ်ဦးတည်း၏ သဘောဆန္ဒသက်သက်ဖြင့် ပယ်ဖျက်နိုင်ခွင့်ရှိသည်။

(က) ပစ္စည်းမှာယူမှုသည် တစ်နည်းနည်းဖြင့် လိမ်လည်ရန်၊ အလွဲသုံးစားပြုလုပ်ရန်၊ ဥပဒေနှင့် မညီသောပြုလုပ်မှု တခုခုကို ပြုလုပ်ရန်၊ မသမာမှုပြုလုပ်ရန် အကြောင်းရှိသည်ဟု ယုံမှတ်သံသယဖြစ်လျှင်ဖြစ်စေ (သို့မဟုတ်) တစ်နည်းနည်းဖြင့် လိမ်လည်မှု၊ အလွဲသုံးစားပြုလုပ်မှု၊ ဥပဒေနှင့် မညီသောပြုလုပ်မှုတခုခုကိုပြုလုပ်မှု၊ မသမာမှုပြုလုပ်မှုစသည်ဖြင့်ပြုလုပ်မှု၊ ပျက်ကွက်မှု တစ်ခုခုကို ပြုလုပ်လျှင်ဖြစ်စေ၊

(ခ) Win Myanmar မှ သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်တစ်ခုခုကိုဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်များကိုဖြစ်စေ ဆန့်ကျင်ဖောက်ဖျက်ကျူးလွန်လျှင်ဖြစ်စေ (သို့မဟုတ်) ဆန့်ကျင်ဖောက်ဖျက်ကျူးလွန်သည်ဟု ယုံမှတ်သံသယ ဖြစ်လျှင်ဖြစ်စေ၊ 

(ဂ) Promotion code အား အလွဲသုံးစားပြုလုပ်လျှင်ဖြစ်စေ (သို့်မဟုတ်) အလွဲသုံးစားပြုလုပ်သည်ဟု ယုံမှတ်သံသယရှိလျှင်ဖြစ်စေ၊ 

(ဃ) ပစ္စည်းများပို့ဆောင်ပေးနိုင်ရန်အတွက် Win Myanmar မှ ထိန်းချုပ်၊ ထိန်းသိမ်းဆောင်ရွက်ရန်မဖြစ်နိုင်သော သဘာဝဘေးအန္တရာယ်အပါအဝင် နိုင်ငံတော်၌ မလွဲမရှောင်သာသောအကြောင်းအရာ ပြဿနာအခက်အခဲ၊ ဆန္ဒပြမှု၊ စသည့် ဖြစ်စဉ် ဖြစ်ရပ်များ ရင်ဆိုင်ကြုံတွေ့ရလျှင်ဖြစ်စေ၊ 

(င) Win Myanmar ၏ ဝန်ဆောင်မှုကို တစ်နည်းနည်းဖြင့်အသုံးပြု၍ ပြင်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပစ္စည်းဖြန့်ဖြူးရောင်းချပို့ဆောင်ရန် ပြုလုပ်လျှင်ဖြစ်စေ (သို့မဟုတ်) ထိုသို့ပြုလုပ်သည်ဟု ယုံမှတ်သံသယရှိလျှင်ဖြစ်စေ၊ 

(စ) ပစ္စည်းမှာယူမှုသည် တည်ဆဲဥပဒေတစ်ရပ်လုံးနှင့်ငြိစွန်းသောမှာယူမှာဖြစ်လျှင်ဖြစ်စေ (သို့မဟုတ်) ထိုသို့မှတ်ယူရန် ယုံမှတ်သံသယရှိလျှင်ဖြစ်စေ၊ 

(ဆ) Win Myanmar ၏ ကောင်းသတင်း၊ အမည်နာမ ဂုဏ်သိက္ခာကို တနည်းနည်းဖြင့်ထိခိုက်နစ်နာဆုံးရှုံးစေသော ပစ္စည်းမှာယူမှုဖြစ်လျှင်ဖြစ်စေ (သို့မဟုတ်) ထို့သို့ဖြစ်သည်ဟု ယုံမှတ်သံသယရှိလျှင်ဖြစ်စေ၊ 

() ပစ္စည်းများရရှိနိုင်မှု

(က) Win Myanmar သည် လူကြီးမင်းမှာယူသော ပစ္စည်းများ ရရှိနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးမည် ဖြစ်ပါသည်။ သို့သော် လူကြီးမင်း မှာယူသောပစ္စည်းများ အားလုံးဖြစ်စေ၊ တချို့တဝက်ကိုဖြစ်စေ အကြောင်းကြောင်းကြောင့် Win Myanmar မှ ရောင်းချပေးရန် မစွမ်းသာပါက ထိုအကြောင်းအရာကို လူကြီးမင်းထံ အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ယင်းမရောင်းချနိုင်သော ပစ္စည်းများ၏ တန်ဖိုးကို နောက်ဆုံးအမှာစာ၏ ကျသင့်ငွေမှ နုတ်ပယ်ပေးပါ့မည်။ တကြိမ် တစ်ခါတည်းသာ မှာယူသောလူကြီးမင်းအတွက်မူ ပစ္စည်းလာပို့သည့်အခါ မရရှိနိုင်သောပစ္စည်း၏ တန်ဖိုးငွေကို Win Myanmar မှ ပြန်အမ်းပေးမည်ဖြစ်ပါသည်။

(ခ) လူကြီးမင်း မှာယူသော ပစ္စည်းများနှင့်ပါတ်သက်၍ Win Myanmar မှ တတ်စွမ်းသ၍ ကြိုးစားဆောင်ရွက်သည့်ကြားမှ ပစ္စည်းမှာယူမရရှိနိုင်ခြင်းအတွက် Win Myanmar တွင် တာဝန်တစ်စုံတစ်ရာ မရှိစေရပါ။ 

() ပစ္စည်းပို့ဆောင်ခြင်းနှင့်ပစ္စည်းဘိုးငွေပေးချေခြင်း။

(က) ပစ္စည်းများကို ပေးပို့ရာတွင် Win Myanmar အနေဖြင့် ပစ္စည်းအမှာစာပုံစံတွင် ဖြည့်သွင်းဖော်ပြထားသော လိပ်စာသို့သာ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ 

(ခ) ပစ္စည်းအမှာစာပုံစံတွင် ဖြည့်သွင်းဖော်ပြထားသော လိပ်စာနှင့်ပါတ်သက်၍ ပြည့်စုံမှုမရှိ၍ဖြစ်စေ၊ တိကျမှုမရှိ၍ဖြစ်စေ၊ မှန်ကန်မှုမရှိ၍ဖြစ်စေ ပစ္စည်းပေးပို့မှု တစ်စုံတစ်ရာ မှားယွင်းမှု၊ လွဲမှားမှု ချို့ယွင်းမှုရှိခဲ့ပါက ထိုဖြစ်စဉ်အတွက် Win Myanmar တွင် တစ်စုံတစ်ရာတာဝန်မရှိစေရပါ။ အမှာပုံစံတွင်ဖော်ပြဖြည့်သွင်းထားသော ပစ္စည်းပို့ရမည့်လိပ်စာ၏ပြည့်စုံမှု၊ တိကျမှန်ကန်မှုကို ပစ္စည်းမှာယူသူ လူကြီးမင်းမှ တာဝန်ယူရမည်။ 

(ဂ) ပစ္စည်းပေးပို့ရမည့် နေ့ရက်၊ အချိန်တို့ကို ပစ္စည်း မှာယူစဉ်ကတည်းက လူကြီးမင်းက သဘောတူ ညှိနှိုင်းသတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ရာတွင် သင့်တင့်လျော်ကန်သောအချိန် ဖြစ်စေရမည်။ 

(ဃ) ပစ္စည်းကို ပေးပို့ရမည့် လိပ်စာ၏ ဝင်ပေါက် (အဓိကဝင်ပေါက်) အထိသာ ပေးပို့ရန် Win Myanmar ၌ တာဝန်ရှိစေရမည်။ အကယ်၍ လူကြီးမင်းက လိုအပ်သဖြင့်တောင်းဆိုခဲ့ပါက (ဥပမာ-နေအိမ်အဆောက်အဦးအတွင်းသို့ ပေးပို့ရန်၊ မီးဖိုချောင်အတွင်းသို့ ပို့ပေးရန်၊ တိုက်ခန်းရှိရာအထပ်သို့ ပို့ပေးရန်စသဖြင့်) Win Myanmar မှ ပို့ဆောင်ပေးမည်။ သို့သော် ထိုသို့ ပို့ဆောင်ရာ၌ ပို့ဆောင်သူသည် လူကြီးမင်း၏အဆောက်အဦးဥပစာအတွင်းသို့ လူကြီးမင်း၏ တရားဝင်ခွင့်ပြုချက်ဖြင့်သာ ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် လူကြီးမင်း၏ အခက်အခဲကို သဘောရိုးဖြင့် စေတနာသက်သက်ထားကာ ကူညီခြင်းသာဖြစ်သည်ဟု မှတ်ယူရမည်။ 

(င) ထိုသို့လူကြီးမင်းမှ အကူအညီတောင်းဆို၍ Win Myanmar ၏ ပစ္စည်းပို့သူမှ လူကြီးမင်း၏ အဆောက်အဦးဥပစာအတွင်းသို့ ပစ္စည်းပို့ရာတွင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည် (သို့မဟုတ်) ထိုသို့ပို့ဆောင်ရန်မသင့်ဟုထင်မြင်ယူဆရသည့် (သို့မဟုတ်) ပို့ဆောင်သူလက်ခံနိုင်ခြင်းမရှိသော အခြေအနေအကြောင်းအရာတစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု ပို့ဆောင်သူမှ ယုံမှတ်သံသယရှိလျှင် လူကြီးမင်း၏အဆိုပါအကူအညီတောင်းခံမှုကို Win Myanmar ၏ ပစ္စည်းပို့ဆောင်သူမှ ငြင်းပယ်ပိုင်ခွင့်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ပစ္စည်းများကို ပေးပို့ရာတွင် Win Myanmar ၏တာဝန်မှာ အမှာစာပုံစံတွင် လူကြီးမင်းမှ ဖြည့်သွင်းဖော်ပြထားသော လိပ်စာ၏ဝင်ပေါက် (အဓိကဝင်ပေါက်)အထိသာဖြစ်ကြောင်း လူကြီးမင်းမှ သိရှိနားလည်ပြီးဖြစ်သည်။ 

(စ) ပစ္စည်းများကိုပေးပို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး၏မြို့နယ်အချို့ကိုသာ Win Myanmar မှ ပေးပို့နိုင်မည်ဖြစ်သဖြင့် ပစ္စည်းမှာယူစဉ်ကတည်းက လူကြီးမင်းအနေဖြင့် Drop – down menu ကို သေချာကြည့်ရှုလေ့လာပြီးမှ ပစ္စည်းကိုမှာယူစေလိုပါသည်။ Win Myanmar Website တွင် ဖော်ပြခြင်းမရှိသော မြို့နယ်များသည် ပစ္စည်းပို့ဆောင်မှုကို လတ်တလော ပြုလုပ်နိုင်ခြင်း မရှိသေးသော မြို့နယ်များဖြစ်ကြောင်းကိုလည်း သိစေအပ်ပါသည်။ 

(ဆ) ပစ္စည်းမှာယူမှုများအားလုံးကို အသက်(၁၈)နှစ်နှင့် အထက်ရှိသော အရွယ်ရောက်ပြီးသော ပုဂ္ဂိုလ် လူကြီးမင်းများကသာ လက်မှတ်ရေးထိုးမှာယူရမည်။ 

(ဇ) ပစ္စည်းပေးပို့သည့်အချိန်တွင် ပစ္စည်းကို လက်ခံရာ၌လည်း အသက်(၁၈)နှစ်နှင့် အထက်ရှိသော အရွယ်ရောက်ပြီးသော ပုဂ္ဂိုလ် လူကြီးမင်းများကသာ လက်မှတ်ရေးထိုးလက်ခံရမည်။ အကယ်၍ ပစ္စည်းပေးပို့ချိန်တွင် ပစ္စည်းလက်ခံရန် ထိုကဲ့သို့သောပုဂ္ဂိုလ်များ မရှိခဲ့၍ဖြစ်စေ၊ ပေးပို့ရမည့်လိပ်စာ မှန်ကန်မှုမရှိ၍ဖြစ်စေ၊ လိပ်စာပြည့်စုံမှုမရှိ၍ဖြစ်စေ နောက်တကြိမ်ပစ္စည်းထပ်မံပေးပို့ခဲ့ရမည်ဆိုပါက ပို့ဆောင်ခကို နောက်တကြိမ်စာ လူကြီးမင်းဘက်မှ ထပ်မံပေးချေပေးရမည်။ 

(ဈ) Win Myanmar သည် လူကြီးမင်းနှင့် သဘောတူသတ်မှတ်ထားသည့်အချိန်၊ နေ့ရက်အတိုင်း ပစ္စည်းကို အရောက်ပေးပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ရာတွင် Win Myanmar မှ ထိန်းချုပ်၍မရသော၊ စွမ်းဆောင်ကြိုးပမ်း၍မရသော အခြေအနေတစ်ရပ်ရပ်နှင့် ကြုံတွေ့ခဲ့သည်ရှိသော် (ဥပမာ-ယာဉ်ကြောကြပ်တည်းမှု၊ ယာဉ်မတော်တဆ ထိခိုက်တိုက်ခိုက်မှု၊ ယာဉ်စက်ကရိယာချို့ယွင်းမှု၊ မော်တော်ယာဉ်ဘီးပေါက်မှု စသည့်အခြေအနေများ) ပစ္စည်းများကို သဘောတူသတ်မှတ်ထားသည့် အချိန်၊ နေ့ရက်အတိုင်း မပေးနိုင်ပါက ယင်းကိစ္စရပ်များအတွက် Win Myanmar တွင် တစ်စုံတစ်ရာ ပေးလျော်ရန် တာဝန်မရှိစေရ။ 

(ည) Win Myanmar မှ မှာယူသောပစ္စည်းများ၏ကျသင့်ငွေတန်ဖိုးငွေကို ပစ္စည်းများလာရောက်ပေးပို့ချိန်တွင် ပေးပို့သူ Win Myanmar ၏ဝန်ထမ်းကို ပစ္စည်းအမှာစာပါ တန်ဖိုးငွေအတိုင်း အပြည့်အဝ မြန်မာကျပ်ငွေဖြင့် ပေးချေရမည်။ အနာဂတ်တွင် အခြားသောငွေပေးချေမှု နည်းလမ်းများရှိခဲ့မည်ဆိုပါက ကြိုတင်မိတ်ဆက်အသုံးပြုသွားမည်ဖြစ်ပါသည်။

() ပစ္စည်းများပြန်လည်အပ်နှံခြင်းနှင့်ပစ္စည်းဖိုးငွေပြန်အမ်းခြင်း

(က) လူကြီးမင်းသည် မိမိမှာယူသောပစ္စည်းများ၏ အရည်အသွေး၊ လတ်ဆတ်မှု၊ အမျိုးအစား၊ အမည်နာမတို့ကို ပစ္စည်းပေးပို့၊ လက်ခံချိန်တွင် တစ်ပါတည်းစစ်ဆေးကြည့်ရှုရမည်။ ပစ္စည်း၏အရည်အသွေး၊ လတ်ဆတ်မှု၊ အမျိုးအစား၊ အမည်နာမများကွဲလွဲမှု၊ မလတ်မဆတ်မှုများရှိခဲ့သည် ရှိသော် ပစ္စည်းပေးပို့၊ လက်ခံချိန်၌ပင် ပစ္စည်းကို ပြန်လည်အပ်နှံခွင့်ရှိသည်။ 

(ခ) ထိုသို့ပြန်လည်အပ်နှံသော ပစ္စည်းများ၏တန်ဖိုးငွေကို လူကြီးမင်းမှ ပေးချေရန်မလိုပါ။ မှာယူသောပစ္စည်းများထဲမှ အချို့တစ်ဝက်ကို အထက်ပါ ပြန်လည်ပေးအပ်ရသည်ရှိသော် လူကြီးမင်းမှာယူသောပစ္စည်းများ၏စုစုပေါင်းကျသင့်ငွေထဲမှ ပြန်လည်အပ်နှံသောပစ္စည်းများ၏ကျသင့်ငွေကို တွက်ချက် ထုတ်နုတ်၍ ကျန်ပစ္စည်းဖိုးကိုသာ ပေးချေရန်ဖြစ်သည်။ 

(ဂ) ပစ္စည်းပေးပို့ချိန်တွင် လူကြီးမင်းမှ လက်ခံထားပြီးဖြစ်သော ပစ္စည်းများနှင့်ပါတ်သက်၍ ပစ္စည်းလက်ခံပြီးနောက်မှ ပစ္စည်းပြန်အပ်နှံခြင်း (သို့မဟုတ်) ပစ္စည်းဘိုးငွေ ပြန်တောင်းခံခြင်းများကိုမူ မည်သည့်အကြောင်းပြချက်နှင့်မျှ Win Myanmar မှ လက်ခံခွင့်ပြုမည်မဟုတ်ကြောင်း လူကြီးမင်းမှ အထူးသတိပြုရမည်ဖြစ်သည်။ သို့ရာတွင် ချွင်းချက်ရှိသော အချို့သောပစ္စည်းများနှင့်ပါတ်သက်၍မူ ပစ္စည်းပေးပို့၊ လက်ခံပြီး (၇)ရက်အတွင်းပစ္စည်းလဲလှယ်ခြင်း၊ ပြန်လည်ပေးပို့ခြင်းများအား Win Myanmar မှ လက်ခံပါမည်။ သို့သော် ယင်းကိစ္စရပ်များ၌လည်း သတ်မှတ်ထားသော (၇)ရက်ကျော်လွန်ပါက ပစ္စည်းလဲလှယ်ခြင်း၊ ပြန်လည်ပေးပို့ခြင်းများကို Win Myanmar မှ လက်ခံခွင့်ပြုမည်မဟုတ်ပါ။ 

(ဃ) လေးလံသော အီလက်ထရောနစ်ပစ္စည်းများနှင့်ပါတ်သက်၍ ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက ပစ္စည်းပေးပို့ပြီး (၇)ရက်အတွင်း Win Myanmar Online Customer Care သို့ လူကြီးမင်းမှ ဆက်သွယ်အကြောင်းကြားရမည်။ ထို့နောက် လူကြီးမင်း၏ပစ္စည်းနှင့် အတူပါရှိသော Warranty Card (သို့မဟုတ်) Website ပေါ်ရှိ Product Page/ Photos ၌ ဖော်ပြထားသောပစ္စည်း၏ brand အမျိုးအစားအသေးစိတ်အတိုင်း Service Center သို့ ဆက်သွယ်ရမည်။ 

() ပစ္စည်းအကြောင်းအရာ

  Website တွင် ပါရှိသော ပစ္စည်းအကြောင်းအရာ မှန်ကန်စေရန် Win Myanmar မှ ကြိုးပမ်းဆောင်ရွက်ထားပါမည်။ သို့သော် ပစ္စည်း၏ အမှန်တကယ် ထုပ်ပိုးမှုပုံစံနှင့် အခြားသောအကြောင်းအရာအချက်အလက်များသည် Website တွင် ဖော်ပြထားသည်များနှင့် ကွဲလွဲမှုရှိနိုင်ပြီး ပါဝင်သောပစ္စည်းများသည်လည်း ပြောင်းလဲနိုင်ပါသည်။ Website တွင် ဖော်ပြထားသည်များသည် ပစ္စည်း၏ အချက်အလက်များကိုသာ ဖော်ပြလိုခြင်းဖြစ်ပါသာ်။ Website တွင် ဖော်ပြထားသောအကြောင်းအရာ အချက်အလက်များကို တသွေမတိမ်းမှန်ကန်မည်ဟု တထစ်ချမှတ်ယူ၍ အားထားခြင်းမပြုရန် တိုက်တွန်းလိုပါသည်။ ပစ္စည်းကို အသုံးမပြုမီ တံဆိပ်၊ ကတ်ပြား၊ သတိပေးချက်နှင့် သုံးစွဲရန် အညွှန်းတို့ကို သေချာစွာ ဖတ်ရှုပါရန် တိုက်တွန်းပါသည်။ 

() ပြင်ပရောင်းချသူများထံမှမှာယူ၊ဝယ်ယူသောပစ္စည်းများနှင့်ပတ်သက်သောစည်းကမ်းသတ်မှတ်ချက်များ

Win Myanmar Online တွင် Win Myanmar မှ ရောင်းချသောပစ္စည်းများသာမက Win Myanmar မဟုတ်သော အခြားပြင်ပရောင်းချသူများ Suppliers ၏ ပစ္စည်းများကိုပါ လူကြီးမင်းများမှ မှာယူ၊ ဝယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ပြင်ပရောင်းချသူများ (Suppliers) ၏ပစ္စည်းများကို မှာယူ၊ ဝယ်ယူမည်ဆိုပါက မှာယူသူ လူကြီးမင်းသည် အောက်ပါစည်းကမ်းများကို လိုက်နာသိရှိသဘောတူထားပြီးဖြစ်ရပါမည်။ 

(က) Win Myanmar ၏ Website ပေါ်တွင် ပြင်ပရောင်းချသူ (Suppliers) သည် ရောင်းချရန် ကမ်းလှမ်းထားသောပစ္စည်းများကို လူကြီးမင်းမှ အမှာစာပေးပို့သည်နှင့် ပြင်ပရောင်းချသူ (Suppliers) သည် အမှာစာကို လက်ခံပြီး ရောင်းချပါမည်။ ထိုသို့ရောင်းချမှုတွင် လူကြီးမင်းနှင့် ပြင်ပရောင်းချသူ (Suppliers) တို့သည် ပစ္စည်းရောင်းချခြင်း၊ ပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း၊ ငွေပေးချေခြင်းဆိုင်ရာစည်းကမ်းချက်များအတိုင်းဆောင်ရွက်ကြခြင်းဖြစ်သည်ဟု နှစ်ဖက်နားလည်သိရှိ သဘောတူပြီးဖြစ်ပါသည်။ 

(ခ) ထိုပစ္စည်းများနှင့်ပတ်သက်၍ Win Myanmar သည် ပြင်ပရောင်းချသူ (Suppliers) ကိုယ်စား လူကြီးမင်းထံ ပစ္စည်းပို့ပေးခြင်း၊ လူကြီးမင်းထံမှ ပစ္စည်းဘိုး ကျသင့်ငွေနှင့် ပို့ဆောင်ခလက်ခံခြင်းတို့ကို စီစဉ်ဆောင်ရွက်ပါမည်။ သို့ရာတွင် ယင်းသို့ ဆောင်ရွက်ရာ၌ Win Myanmar သည် လူကြီးမင်းမှာယူသောပစ္စည်းကိုရောင်းချသူမဟုတ်သဖြင့် အဆိုပါ ပစ္စည်းအရောင်းအဝယ်နှင့်ပတ်သက်သောကိစ္စမှန်သမျှသည် ပြင်ပရောင်းချသူ (Suppliers) တစ်ဦးတည်းနှင့်သာ သက်ဆိုင်မှုရှိကြောင်းကို လူကြီးမင်းမှ ကောင်းစွာသိရှိ နားလည်ပြီးဖြစ်သည်ဟု မှတ်ယူသတ်မှတ်ရမည်။ 

(ဂ) လူကြီးမင်းသည် ပြင်ပရောင်းချသူ (Suppliers) ထံမှ ပစ္စည်းမှာယူရာ၌ ၎င်းနှင့် လူကြီးမင်းတို့ သဘောတူထားသည့်ပစ္စည်း စျေးနှုန်း၊ ပို့ဆောင်ခ၊ ငွေပေးချေမှုနည်းလမ်း၊ ပေးချေမှုစည်းကမ်း၊ ပို့ဆောင်ရမည့်နေ့ရက်၊ အချိန်၊ ပစ္စည်းအပေါ်တွင် ပြင်ပရောင်းချသူ (Suppliers) က ဆောင်ရွက်ပေးမည့်အာမခံချက်၊ ကုန်ပစ္စည်းပြန်လည်ပေးပို့နိုင်ခြင်း၊ ပစ္စည်းရောင်းချပြီးနောက် ပြင်ပရောင်းချသူ၏ Customer Service နှင့်ဆက်သွယ်၍ ဝန်ဆောင်မှုပေးခြင်း၊ စသည့်အချက်အလက်များကို ဖော်ပြသော စည်းကမ်းသတ်မှတ်ချက် မိတ္တူကို ရယူထားပြီးမှ ပစ္စည်းကို မှာယူသင့်ပြီး မှာယူခြင်းမပြုမီကတည်းက ယင်းစည်းကမ်းသတ်မှတ်ချက်များကို သဘောတူနိုင်ခြင်းရှိမရှိစစ်ဆေးကြည့်ရှုရမည်ဖြစ်ပါသည်။ Win Myanmar အနေဖြင့်မူ လူကြီးမင်းမှ ပြင်ပရောင်းချသူ (Suppliers) ထံမှ ပစ္စည်းမှာယူသည်နှင့်တစ်ပြိုင်နက် အဆိုပါစည်းကမ်းသတ်မှတ်ချက်များကို လူကြီးမင်းက နားလည်သိရှိသဘောတူပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ 

(ဃ) လူကြီးမင်းနှင့် ပြင်ပရောင်းချသူ (Suppliers) တို့ သဘောတူ၍ ပစ္စည်းမှာယူမှုတွင် Win Myanmar သည် ပစ္စည်းကို ပို့ဆောင်ပေးရသူ သက်သက်သာ ဖြစ်သဖြင့် ယင်းပစ္စည်းမှာယူ၊ ဝယ်ယူမှုနှင့်ပတ်သက်သော အငြင်းပွါးမှု၊ ပြဿနာ အရှုပ်အရှင်း မှန်သမျှသည် Win Myanmar ၌ တစ်စုံတစ်ရာတာဝန်မရှိသကဲ့သို့ လူကြီးမင်းမှလည်း ယင်းကိစ္စနှင့်စပ်လျဉ်း၍ Win Myanmar ထံမှ တစ်စုံတစ်ရာတောင်းဆိုပိုင်ခွင့် အရေးဆိုပိုင်ခွင့်ရှိမည် မဟုတ်ပါ။ 

(င) ပြင်ပရောင်းချသူ (Suppliers) များမှ ရောင်းချသော ပစ္စည်းများ၏ ပမာဏနှင့် ဝယ်ယူရရှိနိုင်မှုသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်သာ တည်ရှိပါသည်။ ပြင်ပရောင်းချသူ (Suppliers) သည် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ၎င်း၏ဆုံးဖြတ်ချက်ဖြင့် လူကြီးမင်း၏ ပစ္စည်းမှာယူမှုကို ပယ်ဖျက်ပိုင်ခွင့်ရှိပါသည်။ 

(စ) Win Myanmar သည်လည်း မည်သည့်အကြောင်းပြချက်ကြောင့် မဆို ၎င်း၏ဆုံးဖြတ်ချက်သက်သက်ဖြင့် ပြင်ပရောင်းချသူ (Suppliers) (သို့မဟုတ်) ပစ္စည်းတစ်မျိုးမျိုး (သို့မဟုတ်) လူကြီးမင်း၏ ပစ္စည်းမှာယူမှုများကို Website မှ ဖယ်ရှားခြင်း၊ ပယ်ဖျက်ခြင်းပြုလုပ်နိုင်ပါသည်။ 

(ဆ) ပြင်ပရောင်းချသူ (Suppliers) ထံမှ ပစ္စည်းမှာယူသောကိစ္စရပ်သည် ပစ္စည်းရောင်းသူ (Suppliers)နှင့် ပစ္စည်းမှာသူ၊ ဝယ်သူ လူကြီးမင်းတို့ နှစ်ဦးကြားမှ ကိစ္စရပ်သာဖြစ်သဖြင့် ယင်းကိစ္စရပ်နှင့် ပတ်သက်သမျှသော အငြင်းပွါးမှု၊ မပြေလည်မှု၊ မှားယွင်းမှု၊ လွဲမှားသောမှု စသောပြဿနာအရှုပ်အရှင်းများ၌ Win Myanmar သည် ဥပဒေအရ ခွင့်ပြုသော အတိုင်းအတာအထိ တစ်စုံတစ်ရာသက်ဆိုင်မှု မရှိကြောင်း လူကြီးမင်းမှ သိရှိပြီးဖြစ်သည်ဟု သတ်မှတ်၊ မှတ်ယူရမည်။ 

၃။အထွေထွေ

(၁) ယခုဖော်ပြထားသော စည်းကမ်းချက်များ၊ သတ်မှတ်ချက်များကို Win Myanmar သည် အချိန်မရွေးပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ခွင့်ရှိသည်။ လူကြီးမင်ရသည် Website ကို အသုံးပြုသည့်အချိန် (သို့မဟုတ်) ပစ္စည်းမှာယူသည့်အချိန်တွင် တည်ဆဲစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ဤစည်းကမ်းသတ်မှတ်ချက်တစ်ရပ်ရပ်သည် ပယ်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ပျက်ပြယ်ခြင်း၊ အကျိုးမသက်ရောက်ခြင်းတို့ ဖြစ်ခဲ့သည်ရှိသော် ယင်းစည်းကမ်းသတ်မှတ်ချက်ကို သီးခြားဖယ်ထုတ်လျှင် ကျန်စည်းကမ်းသတ်မှတ်ချက်များ၏ အတည်ဖြစ်မှု၊ တရားဝင်မှု၊ အကျိုးသက်ရောက်မှုတို့အပေါ် ထိခိုက်ခြင်းမရှိစေရ။ 

(၂) အရွယ်မရောက်သေးသောကလေးသူငယ်များ

အသက်(၁၈)နှစ် မပြည့်သေးသော၊ အရွယ်မရောက်သေးသော ကလေးသူငယ်များသည် ၎င်းတို့၏မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့်သာ Website ကို အသုံးပြုခြင်း၊ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ ပစ္စည်းမှာယူခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်မှသာ အတည်ဖြစ်သော ပြုလုပ်ဆောင်ရွက်မှု ဟု သတ်မှတ်မည်ဖြစ်သည်။ 

(၃) သက်ဆိုင်သည့်ဥပဒေ

ဤစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများက လွှမ်းမိုးပြီး ယင်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီသာ အဓိပ္ပါယ်သတ်မှတ်ကောက်ယူရမည်။ ဖြစ်ပေါ်လာသော အငြင်းပွါးမှု (သို့မဟုတ်) တိုင်ကြားမှုမှန်သမျှကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အဆင့်ဆင့်သော တရားရုံးများတွင်သာ ဖြေရှင်းဆောင်ရွက်ရမည်။